တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံမှ အမြောက်ဖြင့် ပစ်ခတ်ခဲ့သော Yeonpyeong ကျွန်း အပါအ၀င် ပင်လယ်ဝါရှိ Baengnyeong ကျွန်းတွင် ပစ်မှတ်ကို တိကျစွာ ပစ်ခတ် နိုင်စွမ်း ရှိသည့် အစ္စရေး နိုင်ငံလုပ် Spike တင့်ဖျက် ပဲ့ထိန်းဒုံးများကို တပ်ဖြန့်ချထားရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယား Chosun llbo နေ့စဉ်သတင်းစာ တွင် ဇန်န၀ါရီ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံမှ တိုက်ခိုက်
နိုင်ခြေရှိမှု များကို ကာကွယ်ရန် အဆိုပါ ကျွန်း ၂ ကျွန်းတွင် Spike
တင့်ဖျက်ပဲ့ထိန်းဒုံး အရေအတွက် ၅၀ မှ ၆၀ အထိ တပ်ဖြန့်ချ ထားမည် ဖြစ်ကြောင်း
၊ ၄င်း ပဲ့ထိန်းဒုံးပျံအား ယခင် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်စဉ်က
တွေ့ရှိခဲ့သည့် နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲ များအား ၂၀၁၃ ခုနှစ်
ဖေဖော်ဝါရီ လကုန်တွင် တပ်ဖြန့် ချထားမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ က
ဖော်ပြ ထားသည်။ သို့သော်လည်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက အဆိုပါ သတင်းနှင့် ပတ်သက်၍ အတည်ပြု
ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ များသည် အစ္စရေး နိုင်ငံမှ
အဆိုပါ Spike တင့်ဖျက်ပဲ့ထိန်းဒုံး များဝယ်ယူရန် ၂၀၁၀ ခုနှစ်က သဘောတူ
စာချုပ်တစ်ရပ် ချုပ်ဆို ခဲ့ကြောင်း နှင့် ၄င်းဒုံးများသည် အကွာအဝေး ၂၅
ကီလိုမီတာ (၁၅-မိုင်) အထိ ရောက်ရှိ ပစ်ခတ်နိုင်ပြီး တောင်ကြားများတွင်
တပ်ဖြန့် ချထားသည့် မြောက်ကိုရီးယား နိုင်ငံမှ အမြောက်များကို ရှာဖွေ
ပစ်ခတ် နိုင်စွမ်း ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment