မီဒီယာလောကတွင် မီဒီယာသမားချင်းလည်းမတဲ့၊
ဌာနဆိုင်ရာနဲ့လဲအဆင်မပြေ ၊ သွားဆက်ဆံမိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီးဟုသတင်းကြီးသော ELEVEN MEDIA ၏ အင်တာနက်စာမျက်နှာများအား RED ARMY TEAM ဟု အမည်ပေးထားသော အင်တာနက် ဟက်ကာများက တိုက်ခိုက်သွားသဖြင့် ၄င်းတို့၏ အင်တာနက်စာမျက်နှာများ ယနေ့နေ့လည်ပိုင်းမှစ၍ ၀င်ရောက်ဖတ်ရှု၍ မရတော့ကြောင်းသိရှိရပါသည် ။

ထိုသို့တိုက်ခိုက်မှုသည် မည်သူမည်ဝါက တိုက်ခိုက်သည်ကို မသိရှိရသော်လည်း
နိုင်ငံ့ဝန်ထမ်းများအား အသရေပျက်စေလိုသောရည်ရွယ်ချက်ဖြင့်
နိုင်ငံ့ဝန်ထမ်းများက တိုက်ခိုက်ထားသယောင် အများ ပြည်သူမှအထင်မှားစေရန်
တမင်ရည်ရွယ်၍ အောက်ပါအတိုင်း စွပ်စွဲရေးသားခဲ့ပြန်ပါသည် ။
"သက်ဆိုင်ရာ
ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊အရာရှိကြီးများ အနေဖြင့် မိမိလက်အောက်ရှိ
အရာရှိငယ်များ၊၀န်ထမ်းများ၏ ဥပဒေမဲ့ ကျူးလွန်မှုများကို သတိပေး
ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက
ယင်းအဖွဲ့အစည်းများ အနေဖြင့် ထိုသို့လုပ်ဆောင်မှုများအတွက် နိုင်ငံတကာတွင်
အရှက်သိက္ခာ ကျဆင်းစရာများ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးအပ်ပါသည်။"
သို့ဖြစ်ပါ၍
ဤသို့ မည်သည့်အထောက်အထားတစ်စုံတရာမရှိပဲ နိုင်ငံဝန်ထမ်းများအား
အကြည်ညိုပျက်စေလိုသောရည်ရွယ်ချက်ဖြင့် တမင် စွပ်စွဲဖေါ်ပြခဲ့သော ELEVEN
MEDIA အား အသရေဖျက်မှုဖြင့် တာဝန်ရှိသူများက
အမြန်အရေးယူဆောင်ရွက်သင့်ပါကြောင်း ။
ref; myanmar express
No comments:
Post a Comment