Wednesday, January 23, 2013

ဆော်ဒီနှင့် ကာတာနိုင်ငံတို့တွင် SARA ရောဂါပိုးကဲ့သို့သော ဗိုင်းရပ်စ်ပိုးတစ်မျိုး တွေ့ရှိ




SARS ရောဂါပိုး ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးသည် စက်တင်ဘာလက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ပျံ့နှံ့လာခဲ့ပြီး ယခုအခါ ယင်းဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် နှစ်ဦးသေဆုံးခဲ့ပြီး ကာတာနိုင်ငံတွင် သေဆုံးသူဦးရေမှာ ခြောက်ဦးအထိ ရောက်ရှိခဲ့ကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကယင်းဗိုင်းရပ်စ်ပိုးကို စက်တင်ဘာ လနှောင်းပိုင်းက နိုင်ငံတကာ သတိပေးနှိုးဆော်မှု တစ်ရပ်အဖြစ် ထုတ်ပြန် ကြေညာခဲ့သည်။ လူများတွင် ယခင်ကဖြစ်ပွားခဲ့ခြင်း မရှိသည့်ရောဂါပိုးတစ် မျိုးသည် ဆော်ဒီအာရေဗျနိုင်ငံရှိ ကာတာလူမျိုးတစ်ဦးတွင် မကြာသေး မီက  ယင်းရောဂါပိုးကူး စက်ခံခဲ့ရပြီး  အခြားအမျိုးသားတစ်ဦးမှာ ယင်းရောဂါ ပိုးကူးစက်ခံရမှုကြောင့်  သေဆုံးခဲ့ ကြောင်း WHO  အဖွဲ့က ပြောကြားခဲ့ သည်။
ယင်းရောဂါပိုး ကူးစက်မှုသည် ဆော်ဒီနှင့် ကာတာနိုင်ငံတို့တွင် လေး ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ကူးစက်ခံ ရသူလူနာရှင်များအနက်  တစ်ဦးမှာ သေဆုံးခဲ့ကြောင်း WHO  အဖွဲ့က နိုဝင် ဘာ ၂၃ ရက်က ပြောကြားခဲ့သည်။
ယင်းဗိုင်းရပ်စ်ပိုးကို Coronavrius  ဟု  လူသိများပြီး  တရုတ်နိုင်ငံတွင် ၂ဝဝ၂ ခုနှစ်က ဖြစ်ပွားခဲ့သော Serve Acute Respiratory Syndrome ရောဂါလက္ခဏာ အချို့နှင့်တူ ညီပြီး ကမ္ဘာတစ်ဝန်းတွင် ယင်းရောဂါပိုး ကူးစက်ခံရသည့် လူ ၈ဝဝဝ အနက် ၁ဝ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းရောဂါ လက္ခဏာများသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝသည့် ရောဂါလက္ခဏာများ ခံစားရ ကြောင်း သိရသည်။
Coronavirus ပိုးသည် တုပ်ကွေး ရောဂါကဲ့သို့သော အခြားသောအသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှု ပုံစံကဲ့သို့  ကူးစက်ပျံ့နှံ့ပြီး  ရောဂါပိုး ကူးစက်ခံရသူသည် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေသည့်အခါ လေမှတစ် ဆင့်ကူးစက်ပျံ့နှံ့ကြောင်းသိရသည်။
ရောဂါဖြစ်ပွားရသည့် ဇစ်မြစ်ကိုစူးစမ်း ရှာဖွေလျက်ရှိပြီး ယင်းရောဂါပိုးသည် လူလူချင်း ကူးစက်ခံရနိုင်ဖွယ်ရှိ၊ မရှိကို စူးစမ်းလေ့လာမှုများ   ပြုလုပ်လျက်ရှိ ကြောင်း WHO  အဖွဲ့က ပြောကြား သည်။ 
from; myawady

No comments:

Post a Comment