Thursday, January 24, 2013

ချစ်နိုင်(စိတ်ပညာ)၏ ပစ်တိုင်းထောင် စာအုပ်ထွက်ရှိ

ချစ်နိုင်(စိတ်ပညာ)၏ ပစ်တိုင်းထောင် စာအုပ်ထွက်ရှိ

ချစ်နိုင် (စိတ်ပညာ)၏ ပစ်တိုင်းထောင် စိတ်ဓာတ် စာအုပ်တွင် လောကဓံ အခက်အခဲ၊ အကျပ် အတည်းနှင့် ဘေး ဒုက္ခ အန္တရာယ် တွေ့ကြုံသော်လည်း မကြောက် မရွံ့တမ်း ဖြတ်သန်း ကျော်လွှား နိုင်ခြင်းသည် ပစ်လိုက် တိုင်း ထောင်သည့် ပစ်တိုင်းထောင် စိတ်ဓာတ်ကြောင့်ဟု ဖော်ပြထားသည်။ ထို့ပြင် ခေါင်းဆောင် ကောင်း ပီသသော ယောက်ျား အာဇာနည်သည် ဘဝကို အရှုံးမပေး၊ လက်မလျှော့ဘဲ နိုင်ငံနှင့် လူမျိုး အတွက် အသက်စွန့်ပြီး ခရီး ဆက်ကြောင်းကို ရေးသားထားသည်။ ရည်မှန်းချက် ပန်းတိုင်ကို မမှိတ်မသုန် ဦးတည်ပြီး ဘဝ အောင်မြင်ရေး အတွက် ထားရှိရမည့် စိတ်ဓာတ်ကို အကြံပြု ဖော်ပြထားသည်။ ဤစာအုပ် ကို ''နိုင်စာပေ'' ခြံအမှတ် (၁၅ဝ) ရတနာ လမ်းမကြီး ရတနာ အိမ်ရာ တိုင်းရင်းသား ကျေးရွာအနီး သာကေတ မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၅၅၁၇၁၉ နှင့် ဝ၁- ၅၅၃ဝ၉ဝ တို့တွင် ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။

No comments:

Post a Comment