Thursday, January 24, 2013

ကမ္ဘာလှည့် ခရီးသွားများဖြင့် ထင်ရှားသည့် မြန်မာနိုင်ငံ

ကမ္ဘာလှည့် ခရီးသွားများဖြင့် ထင်ရှားသည့် မြန်မာနိုင်ငံ

(နိုင်ထူး)
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ယခု အခါတွင် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လာရောက် လည်ပတ်ရာ ထင်ရှားသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ထည်ဝါစွာ ရပ်တည် နေနိုင်ပြီ ဖြစ် သည်ကိုတွေ့ရသည်။

ထို့ အပြင် လာမည့် ၂ဝ၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်ရန် စိတ်ဝင်စားလျက် ရှိသည့်  နိုင်ငံများ စာရင်းတွင် မြန်မာ နိုင်ငံသည် နယူးဇီလန်၊ အိုင်ယာလန် စသည့် နိုင် ငံကြီး များနှင့် အတူ  ယှဉ်တွဲလျက် ရှိသည်။
မြန်မာ နိုင်ငံသည် ခရီး သွားလာရေး လုပ်ငန်းကို လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ စတင်၍ အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင် ခဲ့သော်လည်း ယခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ တရားဝင် လာရောက် ခဲ့သည့်   ပထမဆုံးသော  အမေရိကန် သမ္မတ အဖြစ်  ဘားရတ် အိုဘားမား၏ ခရီးစဉ်သည် မြန်မာ နိုင်ငံ၏ ထင်ရှားမှုကို ပိုမိုမြင့်တက် လာစေသည့် အပြင် ကမ္ဘာ့ အလယ်၌ပါ ပို၍ ဂုဏ်တင့်စေ ခဲ့သည်။
မြန်မာ နိုင်ငံသည် နေရာဒေသ အများအပြားသို့ သွားရောက် လည်ပတ်ဖူးသူ များနှင့် ရောက်ဖူးခြင်း မရှိသေးသည့် စိတ်ဝင်စားဖွယ် နေရာ ဒေသများသို့ သွားရောက်ရန် စီစဉ်လျက်ရှိသည့် ခရီးသည်များ အကြား အထူးပင် ရေပန်းစားလျက် ရှိသည်။ ထို့အတူ ခရီးသွားလာရေး ကုမ္ပဏီများ အကြားတွင် မြန်မာ နိုင်ငံသည် ခရီးသည်များ သွားရောက် လည်ပတ်မည့် စိတ်ဝင်စားစ ရာ နိုင်ငံ တစ်နိုင်ငံဖြစ် လာကြောင်း အမေရိကန် အခြေစိုက် Fodor's Travel ကုမ္ပဏီမှ အမှုဆောင် တစ်ဦးဖြစ် သူ အာရေဘယ်လာ ဘိုဝင်က ပြောကြား ထားသည်။
ထို့အပြင် မြန်မာ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် ခရီးသည်များ အများဆုံး သွားရောက် လည်ပတ်မည့် ထင်ရှား သော နိုင်ငံများ စာရင်းတွင် နံပါတ်တစ် နိုင်ငံ အဖြစ် အမေရိကန် ခရီး သွားလာရေး ကုမ္ပဏီများ အသင်းမှ အဖွဲ့ဝင် ကုမ္ပဏီများက သတ်မှတ် ထားသည် ကို  တွေ့ရပါသည်။     ။
from; myawady

No comments:

Post a Comment