Wednesday, January 23, 2013

မာလီနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကို ပြင်သစ် တပ်ဖွဲ့ဝင်များ လေကြောင်းမှ တိုက်ခိုက်

 
        ပြင်သစ် တပ်ဖွဲ့ဝင် များသည် မာလီနိုင်ငံ၏ အချက်အချာ ကျသော ကွန်နာမြို့ အတွင်းရှိ စစ်သွေးကြွများ အား ဇန်နဝါရီ ၁၁ ရက် တစ်ညလုံး လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွတို့၏ ဌာနချုပ် ပျက်စီးခဲ့ ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဂျင်- ယီဗက်ခ် လီဒရင်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ မာလီနိုင်ငံ အတွင်းသို့ တပ်ဖွဲ့ဝင်များအား ချက်ချင်းတပ်ဖြန့် ချထားခြင်းကို အနောက်အာဖရိက နိုင်ငံများက  ခွင့်ပြုခဲ့ ပြီးနောက် ယင်းစစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

         အယ်လ်ကိုင်ဒါများနှင့် ချိတ်ဆက်မှု ရှိသည့် အဆိုပါ စစ်သွေးကြွများသည် ပြီးခဲ့သည့် ကိုးလကျော် က နိုင်ငံ မြောက်ပိုင်း သဲကန္တာရ ဒေသကို ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းပိုက်ခဲ့ပြီး မကြာသေးမီ က မာလီစစ်စခန်း အနီးသို့ တိုက်ခိုက်ခဲ့ ရာ နိုင်ငံအတွင်း တိုက်ခိုက်မှုများ တစ်စတစ်စ မြင့်တက်လာလျက် ရှိကြောင်း သိရသည်။ မာလီ အစိုးရမှ အကူအညီ   ပေးရန်   တောင်းခံ ခဲ့ပြီးနောက် ပြင်သစ်တပ်ဖွဲ့ဝင် များသည် အဆိုပါ နိုင်ငံအတွင်း စစ်ဆင်ရေးများကို ဇန်နဝါရီ ၁၁ ရက်က စတင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စစ်ဆင်ရေးတွင် ပြင်သစ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး သူပုန်စခန်း သုံးခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကွန်နာမြို့ အပြင်ဘက်ရှိ စစ်သွေးကြွစခန်း ဌာနချုပ် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment