အမေရိကန် အာကာသ အေဂျင်စီ (NASA)
အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက်
လေဖြည့်သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈
သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် နီဗာဒါ အခြေစိုက်
Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေး များ ပေးချေ သွားမည်
ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သရုပ်ပြမှု တစ်ရပ်အဖြစ် အဆိုပါ ကုမ္ပဏီ၏ လေဖြည့်
သွင်းနိုင်သည့် အာကာသယာဉ် (BEAM) ကို ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းတွင်
တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် အာကာသယာဉ် တီထွင်မှုတွင်
အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသ အတွင်း
ဘေးအန္တရာယ် ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေ ထိုင် သွား လာနိုင်ရန် အတွက်
အဆင့်မြင့် နည်းပညာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချရန် အဆိုပါ သဘော တူညီချက်ကို
လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နာဆာ အဖွဲ့ ဒုတိယ အကြီးအကဲ လိုရီဂါဗာ
က ပြောကြားခဲ့သည်။
နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့်
ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ
၁၆ ရက်တွင် မီဒီယာ တစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က
ပြောကြားသည်။
BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း
နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင်
အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း
နာဆာ အဖွဲ့က ပြောကြားသည်။
From mya wady
No comments:
Post a Comment