ယခုတစ်ပတ် ကစားမည့် ဘွန်ဒက်လီဂါ ပွဲစဉ် သုံးသပ်ချက်များ
ရှော်ကေး Vs ဟန်နိုဗာ
အမှတ် ကွာဟချက် သိပ်မရှိသေးလို့ ရာသီဝက်
စတင်ချိန်မှာ ပုံမှန် ခြေစွမ်းရရင် ဥရောပ ဝင်ခွင့် ရနိုင်ပါသေးတယ်။
ဟန်နိုဗာရဲ့ ရလဒ်တွေကလည်း ဆိုး ရွားနေဆဲ ဖြစ်တာမို့ အဝေးကွင်းမှာ အခြေအနေ
မကောင်းနို င် သေးပါဘူး။ ရှော်ကေး အနည်းဆုံး သရေရမှာပါ။
လေဗာကူဆင် Vs ဖရန့်ဖတ်
အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ လေဗာကူဆင်
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ် နေပါတယ်။ ကီစလင်း၊ ကက်စထရို၊ ရှူအာရာ
စတဲ့ တိုက်စစ်မှူးတွေလည်း ပြီးခဲ့ တဲ့ ရာသီဝက်က ခြေစွမ်း ထက်ခဲ့ပါတယ်။
ပ-ကျော့ကလည်း ဖရန့်ဖတ် အိမ်ကွင်းမှာ လေဗာကူဆင်ကို အနိုင်ကစား နိုင်ခဲ့
ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါေ တာ့ လေဗာကူဆင်ရဲ့ အိမ်ကွင်းမှာ ဖရန့်ဖတ်
အမှတ်ဗလာနဲ့ အိမ်ပြန်ရဖို့ များပါတယ်။
ဘိုင်ယန် Vs ဂရူသာဖတ်
ဇယားထိပ်မှာ ကိုးမှတ်ဖြတ်ပြီး
ဦးဆောင်နေတဲ့ ဘိုင်ယန်တို့ ချန်ပီယံဆု ရဖို့ သေချာသလောက် ဖြစ်နေပါပြီ။
ဆောင်းရာသီ အနားပေးချိန်မှာ ပြုလုပ် တဲ့ ခြေစမ်းပွဲတွေ မှာလည်း ခြေစွမ်းပြ
အနိုင်ရရှိ ထားပါတယ်။ ဇယား အောက်ခြေက ဂရူသာဖတ် ကတော့ ကျန်တဲ့ ရာသီဝက်မှာ
အစွမ်းကုန် ရုန်းကန် ကစားမှသာ တန်းဆင်းဇုန်က လွတ်မြောက် နိုင်တော့မှာပါ။
ကွင်းလယ်လူတွေ အားလုံး ဂိုးသွင်းခြေ ရှိတဲ့ ဘိုင်ယန် ဂိုးပြတ် နိုင်ပွဲနဲ့
ဖွင့်မှာပါ။
မိန့်ဇ် Vs ဖရိုင်းဘတ်
အမှတ်ပေးဇယား အထက်အောက်မှာ ရှိနေကြပြီး
ရမှတ် တူညီနေကာ ဂိုးကွာခြားချက် သုံးဂိုးသာ ကွာဟတဲ့ နှစ်သင်း ရင်ဆိုင်
တွေ့ကြတာမို့ ဒီပွဲက ကြည့်ကောင်းဦးမှာပါ။ နောက်ဆုံး ပွဲစဉ်တွေမှာ ရလဒ်
ကောင်းမွန်နေတဲ့ မိန့်ဇ်အနေနဲ့ အိမ်ကွင်းမှာ အသာစီး ရမယ်လို့ ထင်မှတ်စရာ
ဖြစ်ပေမယ့် သရေပွဲ တစ်ပွဲပါပဲ။
ဟော့ဖန်ဟိမ်း Vs ဂလက်ဘတ်
ပရီးမီးယား လိဂ်မှာ ခြေစွမ်းပြနေတဲ့
ဒမ်ဘာဘ၊ ဆစ်စီနဲ့ ဆီဂတ်ဆင်တို့ရဲ့ အသင်းဟောင်း ဟော့ဖန်ဟိမ်းရဲ့ အခြေအနေက
တန်းဆင်းဇုန်က လွတ်ဖို့ အတော် ရုန်းကန်ရတော့ မှာပါ။ နည်းပြ အသစ်
ခန့်လိုက်ပေမယ့် ရလဒ်တွေ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပါဘူး။ ဂလက်ဘတ်
ကတော့ နောက် ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ပြန်ကောင်းလာပြီး အမှတ်ပေးဇယား
အလယ်လောက်မှာ ရပ်တည် နေနိုင်ပါတယ်။ ဟော့ဖန်ဟိမ်း ကွင်းမှာ သရေရအောင်
ကစားမှာပါ။
ဝုဖ်ဘတ် Vs စတုဂတ်
နည်းပြသစ် လက်ထက်မှာ ဝုဖ်ဘတ်ရဲ့ ရလဒ်တွေ
ပြန်ကောင်း လာပေမယ့် တန်းဆင်းဇုန်က လွတ်ဖို့ စိတ်မချရ သေးဘူး။ စတုဂတ်ကလည်း
ယူရိုပါလိဂ်နဲ့ ဘွန်ဒက်စ်လီဂါ စစ်မျက်နှာ နှစ်ခုဖွင့်ပြီး တိုက်ပွဲ
ဝင်နေပါတယ်။ နှစ်သင်းစလုံး အပြိုင် ဂိုးသွင်းကြမှာ ဖြစ်ပြီး သရေ တစ်မှတ်စီ
ခွဲယူကြမယ်လို့ ထင်ပါတယ်။
ဝါဒါဘရီမင် Vs ဒေါ့မွန်
ဝါဒါဘရီမင်ရဲ့ ကစားသမား အင်အားနဲ့ လက်ရှိ
အဆင့်(၁၂) နေရာ ရောက်နေတာ မဖြစ်သင့်ပါဘူး။ ကျန်ရာသီ ဝက်မှာ ရလဒ်တွေ
တက်မလာရင် န ည်းပြ သောမတ်စ်ရှက်ဖ်ရဲ့အနာဂတ်လည်း စိတ်မချရ နိုင်ပါဘူး။
ဘိုင်ယန်နဲ့ ၁၂ မှတ် ကွာသွားပြီ ဖြစ်တဲ့ ဒေါ့မွန်လည်း အမှတ်ပေး
ချန်ပီယံဆုကို ထိန်း သိမ်းဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်သွားပါပြီ။
ဒါပေမဲ့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ဒုတိယ နေရာကို ရဖို့တော့ ကြိုးစား
ပါဦးမယ်။ ဝါဒါကွင်းမှာ ဒေါ့ မွန် ကပ်အနိုင် ရနိုင်ပါတယ်။
နုရင်ဘတ် Vs ဟမ်းဘတ်
နုရင်ဘတ်ရဲ့ ခြေစွမ်းက တန်းဆင်းဇုန်
နားမှာ ရာသီတိုင်း ဝဲနေခဲ့ပြီး နောက်ဆုံးမှာတော့ တန်းတင် ကျန်ရစ် ခဲ့တာ
ချည်းပါပဲ။ ဟမ်းဘတ်လည်း ဗန်ဒါဗတ် မကစားနိုင်သေးတာတောင် ရလဒ်တွေ ကောင်းမွန်
ခဲ့ပါတယ်။ ရာသီနားချိန် ခြေစွမ်းပွဲတွေ မှာလည်း ရှုံးပွဲ မရှိခဲ့ပါဘူး။
ဟမ်းဘတ် ရလဒ်ကောင်း ရမယ့်ပွဲ ပါ။
ဒူဆယ်ဒေါ့ဖ် Vs အော့စ်ဘတ်
အဆင့်(၁၃)က တန်းတက် ဒူဆယ်ဒေါ့ဖ်ရဲ့ ဒီရာသီ
ရည်မှန်းချက်က တန်းမဆင်း ရဖို့သာ ဖြစ်ပါလိမ့်မယ်။ အဝေးကွင်း မရသေးတဲ့
အော့စ်ဘတ်ကတော့ တန်းဆင်း ဇုန်ထဲက လွတ်ဖို့ နိုင်ပွဲတွေ လိုအပ်နေပါပြီ။
ပ-ကျော့ က ဒူဆယ်ဒေါ့ဖ် အနိုင် ရခဲ့ပေမယ့် ဒု-ကျော့မှာတော့
အင်ပြည့်အားပြည့်နဲ့ အော့စ် ဘတ် နိုင်ပွဲရှာတွေ့ သွားပါ လိမ့်မယ်။
from; myawady
No comments:
Post a Comment