ဂျာမန်ကလပ် အသင်း ရှော့ကေး ကွင်းလယ် တိုက်စစ် ကစားသမား ရာဖယ်အား အငှားခေါ်ယူ
လန်ဒန် ဇန်နဝါရီ ၁၇
ဘွန်ဒက်စ်လီဂါ ကလပ် အသင်းတစ်သင်း ဖြစ်သော
ရှော့ကေး အသင်းသည် ဒဏ်ရာ ပြဿနာ များကြောင့် ဒိုင်နမိုကီး ရက်ဗ်အသင်းမှ
ရာဖယ် ကတ် တာနို အာယူဂျိုအား ၂ဝ၁၃ ခုနှစ် ဇွန်လအထိအငှား ခေါ်ယူ လိုက် ကြောင်း အဆိုပါ ကလပ် အသင်းမှ ဇန်နဝါရီ ၁၆ ရက်က ပြောကြားထားသည်။
အသက် ၂၇ နှစ်ရှိ အဆိုပါ ကွင်းလယ် တိုက်စစ်
ကစားသမားသည် ဂျာမနီ၌ လေးနှစ်ကြာ ကစားခဲ့သော ကာလ အတွင်း ဟာသာဘာလင် အတွက်
ပွဲပေါင်း ၁၄ဝ ကစား ထားရာတွင် ၃၃ ဂိုး သွင်းယူ နိုင်ခဲ့ကြောင်း သိရသည်။
ရာဖယ်သည် ပွဲကစားသည့် နည်းပညာ၊ ဂိုးဖန်တီးမှုနှင့် ဂိုးရရှိအောင် စွမ်းေ
ဆာင်မှု စသော အရည်အချင်းများ အတွက် အသိအမှတ် ပြုခံရသူ ဖြစ်သည်။ မိမိတို့
အသင်းတွင် ဒဏ်ရာ ပြဿနာ များကြောင့် အပြောင်းအရွှေ့ ဈေး ကွက် အတွင်း ပြန်လည်
ဝင်ရောက် လှုပ်ရှားခဲ့ရခြင်း ဖြစ်ကြောင်း၊ ရာဖယ်သည် မိမိတို့၏ တိုက်စစ်တွင်
အခွင့်အလမ်း များစွာ တိုးမြှင့် ဖန်တီး ပေးမည့် သူ ဖြစ်ကြောင်း ရှော့ကေး
မန်နေဂျာ တော့စ်ဟဲဒ်က ပြောကြား ထားသည်။
No comments:
Post a Comment