Wednesday, January 23, 2013

ဆုဖလား မျှော်လင့်ချက် မကုန်သေးကြောင်း စီရော်နယ်ဒို ယုံကြည်

ဆုဖလား မျှော်လင့်ချက် မကုန်သေးကြောင်း စီရော်နယ်ဒို ယုံကြည်

  ဆုဖလား မျှော်လင့်ချက် မကုန်သေးကြောင်း စီရော်နယ်ဒို ယုံကြည်
ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုက ၎င်းတို့ အသင်းအနေဖြင့် စပိန် ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် ဆုဖလားတို့ကို ရယူရန် မျှော်လင့်ခွင့် ရှိနေကြောင်း ပြောကြားခဲ့သည်။
ရီးရဲလ် အသင်းသည် စပိန် လာလီဂါတွင် အဓိက ပြိုင်ဘက် ဘာစီလိုနာ အသင်း၏ ၁၆ မှတ် ဖြတ်ထားခြင်းကို ခံထားရသော်လည်း စီရိုနယ်ဒို ကမူ ၎င်းတို့ အသင်း အနေဖြင့် ယခု ရာသီတွင် ဆုဖလား မျှော်လင့်ချက် မကုန် သေးကြောင်း ယုံကြည်နေသည်။ စီရိုနယ်ဒိုက မိမိတို့ အနေဖြင့် ဒီရာသီမှာ ဆုဖလား များ စွာ ရယူစရာ ရှိကြောင်း ၊ မိမိတို့မှာ စပိန်ဘုရင့် ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို မျှော်လင့်ခွင့် ရှိနေကြောင်း ၊ မိမိတို့ အား လုံး အနေဖြင့် အကောင်းဆုံး ကြိုးစားနေကြောင်း ၊ အသင်း၏ ရည်မှန်းချက်များ ပြည့်မြောက်ရန် အတွက် မိမိ အနေဖြင့်လည်း အကောင်းဆုံး ကူညီ ပေးလိုကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment