ဘာကာ နည်းပြဟောင်း ဂွါဒီယိုလာအား ဘေယန် နည်းပြသစ် အဖြစ်ခန့်အပ်
လန်ဒန် ဇန်နဝါရီ ၁၇
ဂျာမန်ကလပ် အသင်းတစ်သင်း ဖြစ်သော
ဘေယန်မြူးနစ် အသင်းသည် ယခုနှစ် ရာသီကုန်တွင် ဘာကာ နည်း ပြဟောင်း
ဂွါဒီယိုလာအား အသင်း၏ နည်းပြ ရာထူးကို လွှဲပြောင်း ပေးသွားမည် ဟု
ကြေညာ ထားကြောင်း သိရသည်။ အသက် ၄၁ နှစ်ရှိ ဂွါဒီယိုလာအားချယ်လ်ဆီးနှင့် မန်စီးတီးတို့ ကလည်း
ဆက်သွယ် ခဲ့ကြ သည်။ ၎င်းသည် ဘေယန်မြူးနစ် အသင်းနှင့် ၂ဝ၁၆ ခုနှစ်အထိ
သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ် သည်။
ဂွါဒီယိုလာသည် လက်ရှိနည်းပြ
ဂျက်ခ်ဟေးနက်စ်၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်ပြီး ၎င်းနည်းပြမှာ
အနားယူတော့မည် ဖြစ်သည်။ စပိန်နည်းပြ ပက်ဂွါဒီ ယိုလာသည် ဘာကာ အသင်း၌
ချန်ပီယံလိဂ် ဖလား နှစ်ခု အပါအဝင် ချန်ပီယံ ဖလားပေါင်း ၁၄ ခု ရယူ
ခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် မေလ အတွင်း က နူးကမ့်ကွင်းမှ ထွက် ခွာ
ခဲ့သူဖြစ်သည်။ ပက်ဂွါဒီ ယိုလာကဲ့သို့ ကျွမ်းကျင်သော နည်းပြမျိုးကို ခေါ်ယူ
နိုင်ခဲ့သည့် အတွက် မိမိတို့ အနေဖြင့် များစွာကျေနပ် မိကြောင်း
ဘေယန်မြူးနစ် အသင်း၏ အမှုဆောင်ဥက္ကဋ္ဌ ကားလ်ဟိန်းလ်ရစ်မင်းဂီက
ပြောကြားထားကြောင်း သိရသည်။
No comments:
Post a Comment